ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်လက်ခံ

ကျောက်ဆည်  မေ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့ နံနက်(၉)နာရီက ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေး အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဘာသာရပ်သင်ဆရာ/ဆရာမများက  စနစ်တကျဆောင်ရွက်ပေးလျက်ရှိ ပြီး KGတန်းမှGrade-12အတန်းထိ တက်ရောက်ပညာသင်ယူမည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များ အခမဲ့ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်းနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား တစ်ဦးလျင်ကျောင်းဝတ်စုံ(၁)စုံ (ထပ်ဆောင်း)ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မူလတန်း(၁၃၀)ကျောင်း၊ မူလတန်းလွန်(၂၅)ကျောင်း၊ အလယ်တန်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အထက်တန်း ကျောင်း(၁၁) ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း(၁၈၆)ကျောင်းရှိကြောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေ အရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ၂၀၂၃ ခုနှစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိပြီးကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆက်လက် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)