ပန်းတနော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး စတင်လက်ခံ

ပန်းတနော် မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာ ကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်ပုဒ်မှာ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဗီနိုင်း ပိုစတာအား စိုက်ထူထားပြီး ကျောင်းအပ်နှံရေး သတင်းပတ်အနေဖြင့် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ် ထားရာ ပန်းတနော်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ လာရောက် အပ်နှံ လျက်ရှိသည်။ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)