ချမ်းမြသာသည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ချမ်းမြသာစည် မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ထက်/လယ်/မူအခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်ကျောင်းသား/သူများ ကျောင်းအပ်နှံ လက်ခံခြင်းကိုယနေ့နံနက် ၈နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်၍ “သားကဒီနှစ် Grade -3 တက်မှာပါ ၊ ဒီနေ့ ကျောင်းအပ်နှံတာ စာရင်းစတင်လက်ခံပြီဆိုလို့ လာအပ်တာပါ- သားကိုကျောင်းပုံမှန်တက်စေခဲ့တာပါ- ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်ကိုယ့်သား/သမီး ပညာသင်ယူခွင့်ရအောင်ကြိုးစားပေးဖို့ ကျွန်တော်တို့မိဘတွေမှာ အဓိကတာ၀န်ရှိတယ်ဗျ”-ဟုကျောင်းသားမိဘတစ်ဦးက ပြောကြားခဲ့သလိုပညာရေးတာဝန်ရှိသူ တစ်ဉီးကလည်း “အခုနှစ်ကစာရင်းစလက်ခံတဲ့နေ့ကို မိဘတွေရော ကျောင်းသား/သူတွေရော တိုးမပေါက်ဘူးဗျ -အတော်လေးများပါတယ် - ဆရာ/ဆရာမ တွေအနေနဲ့ ကျောင်းအပ်လက်ခံခြင်းကို စနစ်တကျနဲ့ဆောင်ရွက်ပေးနေပါတယ်”ဟု ပြောကြားခဲ့ခြင်းကိုသိရှိရပါသည်။ ချမ်းမြသာစည်မြို့နယ်အတွင်းတွင်“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြစို့ “ဆောင်ပုဒ်နဲ့အညီ တာ၀န်ရှိသူ အသီးသီးကကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး ကျောင်းအပ်နှံခြင်းကို မေလ ၂၃ မှ၃၁ ရက်နေ့ အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)