မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ်လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေတို့အား ကြည့်ရှု စစ်ဆေး
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် တရားလွှတ်တော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်ဆောက်နေသည့် မွန်ပြည်နယ်တရားလွှတ်တော် ပင်မအဆောက်အဦ တည်ဆောက်ပြီးစီးနေမှုနှင့် အချောသပ် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေအား မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက ယနေ့ နေ့လည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။