တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခမဲ့ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

တောင်ငူ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အခမဲ့ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးစာရင်းမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မိဘများ၏ အမျိုးသားမှတ်ပုံတင်မိတ္တူ၊ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း မှတ်တမ်းကတ်များ၊ ယူဆောင်လာစေ၍ အခမဲ့ ကျောင်းအပ် လက်ခံဆောင်ရွက်ပေးပြီး၊ ကျောင်းသုံးသင်ရိုးစာအုပ်များနှင့် ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်ကြောင်း၊ ကျောင်းအပ်နှံခြင်းကို ၂၃-၅-၂၀၂၃ ရက်နေ့မှ ၃၁-၅-၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာလာရောက်ကျောင်းအပ်နှံကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)