ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းစသည့် နွေသီနှံများ စိုက်ကြရာ အရှေ့ငယ်တိုးကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။