ကွမ်းလုံမြို့၌ မိဘပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစွာရရှိရေးအတွက် Mobile စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုခါ မုန်တိုင်းမိုးကြောင့် နွေနှမ်းစိုက်ခင်းနှင့် မိုးကြိုသီးနှံစိုက်ခင်း ဧက လေးသောင်းကျော် ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများနှင့် မိုးကြိုသီးနှံ စိုက်ခင်းဧက လေးသောင်းကျော် ရေနစ်မြုပ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် ဈေးကွက်အတွင်း ရောက်ရှိနေသည့် တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက် ဆိုင်းဘုတ်စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာနက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ဈေးကွက်အတွင်း ရောက်ရှိနေသည့် တရားမဝင်ဆေးဝါးများ ဆိုင်ရာအချက်အလက်များ ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲချိန်က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျိုက်မရောမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေဘိုမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့ည​နေပိုင်းက ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအားလုံး ကျောင်းအပ်လက်ခံလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိသည်။
Subscribe to