ကြာအင်းဆိပ်ကြီး မေ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများ အကောင်းအထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ်(၃)ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information )၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment)၊နှင့် လုပ်ငန်းတာဝန်(၁၀)ရပ်တွင် ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစသည့် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဦးစီးဌာနမှ အထက်ပါလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ၌ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးနှင့် အထွေထွေ ဗဟုသုတများ တိုးပွားလာစေရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းစာဖတ်ဝိုင်းတွင် စာရေးဆရာဖေမြင့် ရေးသားထုတ်ဝေသည့် စိတ်ဓာတ်နှင့် နည်းနာ၊ အောင်မြင်ရေးစာစုများ ခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများဖြစ်သည့် တီထွင်သူများနှင့် ကြွက်ထောင်ချောက်၊ ကိုယ့်ခရီးလမ်းဖြောင့်တန်းအောင်၊ ရဲရဲတင်းတင်းသာလုပ်ပါ၊ လူငယ်နှင့်တိုးတက်ကြီးပွားရေး၊ စသည့် ခေါင်းစဉ်ပါ ဆောင်းပါးများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလိုက် အလှည့်ကျ ဖတ်ကြားပြီး ဆောင်းပါးပါ အကြောင်းအရာများအား အဖွဲ့ဝင်များမှ မိမိတို့၏ တွေးခေါ်ထင်မြင်ယူဆချက်များအား အချင်းချင်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)