ဘားအံမြို့၌ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်

ဘားအံ မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းကို ယမန့်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးထင်က အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းတွင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ တရားမဝင်ရွှေ့ပြောင်း သွားလာမှုခြားနားချက်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှု၏ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူများ၏အခွင့်အရေးများ၊ လူကုန်ကူးမှုဖြစ်စဉ် (၃) ဆင့်နှင့် စိစစ်ဖော်ထုတ်ရေးပုံစံများအသုံးပြုခြင်းနှင့် လက်တွေ့မှတ်တမ်းကောက်ယူခြင်းများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်တန်းကာလမှာ မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာများမှ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်စုစုပေါင်း (၅၀) ဦးခန့် တက်ရောက် ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)