ချီဖွေမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မေလ (၂၃) ရက်နေ့ နံနက် (၇) နာရီခွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းတို့ကို ယနေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ် (၁) ရပ်ကွက်အတွင်း၌ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအထောက်အကူပြု အဖွဲ့များဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ (Community Centre)ခန်းမ၌ မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို အသိပညာ ဗဟုသုတ ပိုမိုရရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌‌ပေး (Talk Show)ဆွေးနွေပွဲ ဆောင်ရွက်ခဲ့သည်။

ဘားအံခရိုင် Community Centre တွင် အင်္ဂလိပ်စာစွမ်းရည်သီချင်းဆိုပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ အင်္ဂလိပ်စာအခြေခံ (Grammar)သင်တန်းကို မေလ(၄)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီခန့်က အင်္ဂလိပ်စာစွမ်းရည် Group Song သီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၅၈၇၀၀၀၀၀ သိန်း ထုတ်ချေးပေးပြီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများ အလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌ ရေဘေးကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင်း၌ စိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှု အများဆုံးဖြစ်ပွားခဲ့သည့် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့မှ အိမ်ထောင်စုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင် မက်ခါပျိုးပင်များကို စီးပွားဖြစ်ပျိုးထောင်ရောင်းချသူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်၍ ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင် လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် မက်ခါသီးများကို ထုတ်ပိုး၍ ရောင်းချခြင်းသာမက ယခုအခါ အစေ့မှ အပင် ပျိုးထောင်ကာ စီးပွားဖြစ် ရောင်းချသူများလည်းရှိကြောင်း သိရသည်။

ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများပြားလျှက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျှက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျှက်ရှိပြီး မေ ၂၅ ရက်နေ့ထိကျောင်းသား ကျောင်းသူ (၂၇၀၇၂) ဦးလာရောက် အပ်နှံပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ် လူရွယ်များ အားလပ်ချိန်ကို စာပေဖတ်ရှုခြင်း၊ စာပေရေးသားခြင်းဖြင့် အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to