နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၁၅၇၁၉)ဦး လာရောက်အပ်နှံပြီးဖြစ်

နတ်မောက်  မေ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ မေ ၂၅ ရက်နေ့အထိ ကျောင်းသား/သူ (၁၅၇၁၉)ဦး လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

အဆိုပါ  အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/ ဆရာမများက အသက်(၅)နှစ်အရွယ်ကလေးငယ်များကို သူငယ်တန်း(KG)တွင် အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(G-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းသား/သူများ အား ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များ အခမဲ့ထုတ်ပေးလျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၂) ကျောင်း၌ ကျောင်းအပ်လက်ခံလျက်ရှိရာ မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ဇွန်(၁)ရက်နေ့စတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဒု-မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

လှဝင်း