တန့်ယန်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအား သစ်ပင်ပျိုးပင် အခမဲ့ဖြန့်ဝေပေး

တန့်ယန်း မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ၌ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင်များအား ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာနမှ မြို့မယာယီဥယျာဉ် အမှတ်(၁)၊ အမှတ်(၂)တို့တွင် ယခုနှစ် မိုးရာ သီ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား စိုက်  ပျိုးဖြန့်‌ဝေနိုင်ရန်အတွက် မယ်ဇလီ ၇၅၀၀ ပင်၊ ကျွန်း ၂၀၀၀ ပင်၊ ခါတော်မီ ၁၀၀၀ ပင်၊ ယမနေ ၂၀၀၀ ပင်၊ ချယ်ရီ ၂၅၀၀ ပင်၊ ရေသင်းဝင် ၂၀၀၀ ပင်၊ ထင်းရှူး ၁၅၀၀ ပင်၊ ပန်းဝါ ၁၅၀၀ ပင် စုစုပေါင်း နှစ်သောင်းအား ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးနေလျက်ရှိရာ သစ်ပင် ပျိုးပင်လေးထောင်ကျော် ဖြန့်ဝေပေးပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)