မိုးမိတ်မြို့ တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၊ မြောက်ပိုင်းရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီအချိန်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင်  အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်၌  မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို  ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သထုံမြို့နယ်တွင် တိုင်း‌ရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက တိုင်း‌ရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်သည်။

မက်မန်းမြို့နယ်တွင် အမျိုးသမီးများနှင့် သက်ဆိုင်သော အခွင့်အရေး အကာကွယ်ပေးထားသော ဥပဒေ၊ သက်ကြီးရွယ်အိုဥပဒေ CEDAW နှင့်ပတ်သက်သော အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများနှင့်သက်ဆိုင်သော အခွင့်အရေး အကာကွယ်ပေးထားသော ဥပဒေ၊ သက်ကြီးရွယ်အို ဥပဒေ CEDAW နှင့်ပတ်သက်သော အသိပညာပေးဟောပြောပွဲကို မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြီးမှူး၍ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံစာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်၌ ရွှေစည်းခုံကွက်ရှိ ဪညာ့အရိပ် ဘော်ဒါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရွှေဘိုတက္ကသိုလ်တွင် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်တွင်၊ ခရိုင်ပတ်ဝန်းကျင်စိမ်းလမ်းစို​ပြည်ရေးဦးစီးဌာမှ ကြီးမှူးကျင်းပသည့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈)နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် ပြကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရန်အတွက်    ရပ်ရွာအေးချမ်းသာယာရေး၊    တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  

ကသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသခံပြည်သူများအား မြို့တော်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ဝါသီးနှံဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေးမြေပြင်အခြေအနေ ရှေ့ပြေးစစ်တမ်းကောက်ဆန်း စစ်လေ့လာခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဝါသီးနှံဧရိယာတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်အခြေအနေ ရှေ့ပြေးစစ်တမ်းကောက်ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် (၉)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Subscribe to