ဝမ်းတွင်း မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက် ပေးခြင်းများကို မေလ(၂၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများအတွက် ပညာကို အေးချမ်းစွာ သင်ယူနိုင်ရေး အတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများအတွက် ပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံစာရေးကိရိယာများ ထောက်ပံ့ ပေးခြင်းနှင့် အခမဲ့ ကျောင်းအပ်နှံခြင်းများကို စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၁၇၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း (၁၈၁)ကျောင်းရှိကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းအပ်လက်ခံခြင်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲမျိုးသက် (ပြန်/ဆက်)