ဘားအံ မေ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကွန်ပျူတာနည်းပညာများကို သင်ယူလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (ဘားအံ) တို့ ပူးပေါင်း၍ နွေရာသီ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)ကို မေလ(၄)ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက သင်ခန်းစာတတ်မြောက်မှု ဆန်းစစ်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာ အခြေခံတတ်မြောက်မှု ဆန်းစစ်ခြင်းပြိုင်ပွဲတွင် သင်တန်းကာလအတွင်း သင်ကြားပေးခဲ့သော Microsoft Word၊ Microsoft Excel၊ Microsoft Powerpoint ၊ Internet and Email အသုံးပြုနည်း သင်ခန်းစာများကို ရေးဖြေ၊ Kahoot Quiz Game များဖြင့် သင်ခန်းစာ တတ်မြောက်မှု ဆန်းစစ်ခြင်း ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ(၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာ အခြေခံတတ်မြောက်မှုရေးဖြေနှင့် Kahoot Quiz Game ပြိုင်ပွဲကို နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း (၁/၂၀၂၃)တွင် တက်ရောက် နေကြသော ဘားအံမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပြီး ဆုရရှိသူများကို သင်တန်းဆင်းပွဲ ကျင်းပသည့် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)