စစ်တွေမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၌ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
ရခိုင်ပြည်နယ်အခြေခံ စားသောက်ကုန်ဈေးနှုန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၌ သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း မှန်ကန် စွာ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသည်။