တွံတေးမြို့နယ်သို YANGON WATER BUS  ဘုရားဖူးခရီးစဉ်ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၊ နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိ တွံတေးတူးမြောင်း၊ အသားလွတ်နယ်မြေဖြစ်သော ဗောင်းတော်ချုပ် စေတီ၊ လက်မှုပညာအိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရနေရာများသို့ လေ့လာနိုင်ရန်အတွက် (၂)နှစ်ကျော်ရပ်နားထားသော YANGON WATER BUS တွံတေးခရီးစဉ်ကို အောက်တိုဘာ (၂၂) ရက်နေ့နံနက်(၉)နာရီ မိနစ်၅၀ကတွံတေး ဆိပ်ခံဘောတံတားသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ တွံတေး၌ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရေး မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကျိုက်လတ်မြို့နယ်အတွင်းရှိ ပေါင်းဆန်စက်နှင့်လုပ်ငန်းအချို့အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပေါင်းဆန်စက်နှင့် လုပ်ငန်းအချို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ယမန်နေ့နံနက်ပိုင်း၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to