ပျဉ်းမနား အောက်တိုဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဘောဂဝတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေးလုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျင်းပပြုလုပ်သော ၂၀၂၂-၂၀၂၃ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြင့်မားရေး သင်တန်းကိုနည်းပြဆရာ၊ ဆရာမ(၅)ဦးတို့မှ သင်တန်းသား၊ သင်တန်းသူ(၁၂၀)ဦးအား အောက်တိုဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)