ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး သီးနှံစိုက်ခင်းများအတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားကာ သီးနှံစိုက်ဧကပေါင်း ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၏ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်း အနားကို သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်း  ဖွင့်လှစ်သင်ကြားပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်းကို ရွာဦးဘုန်းတော်ကြီးကျောင်း၌ သင်ကြားပေးလျက်ရှိသည်။  

မြောင်းမြမြို့နယ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်း လုပ်ငန်းများဆောင်ရွက်         

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် အဘိတ်(Abate) ဆေးခတ်ခြင်း လုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၇) ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။

လောက်ကိုင်မြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု အားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များတွင် ကျောင်းသား/ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာ‌ရောက် အပ်နှံ‌နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြသည်။

လဲချားတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(လဲချား) အစည်းအဝေးကျောင်းတွင် ကျင်းပခဲ့ပါသည်။

ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံမှု အခြေအနေများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် အဖွဲ့ ကြည့်ရှုအားပေး

ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ သတ်မှတ် ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံ နေမှုအခြေအနေများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဝင် ဗိုလ်မှူးကြီး နိုင်လင်း၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၁) နာရီခွဲအချိန်တွင် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

နတ်မောက်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ပညာပေးလုပ်ငန်းများ ပြသဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ပညာပေးလုပ်ငန်းများ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ (၉)နာရီက အထက(၁)လွိုင်လင်၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to