အုတ်တွင်းမြို့နယ်၌ အလယ်တန်း၊ အထက်တန်း အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကျင်းပ

အုတ်တွင်း မေ ၂၇

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် အုတ်တွင်းမြို့နယ်၌ အလယ်တန်း၊ အထက်တန်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးက အမှာစကား ပြောကြားပြီး အလယ်တန်း၊ အထက်တန်း အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်သင်ယူခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ပြီးမြောက်ကြောင်း သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

မြို့နယ်အဆင့် အလယ်တန်း၊ အထက်တန်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို မေ ၁၈ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်း ၄၅ဦး၊ ကျောင်းသားကျောင်းသူ ၂၄ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း မြို့နယ်စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)