မုံရွာ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများ စုစည်း၍ Book Club ၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများ အသင်း( Book Club)၏ ( ၇၅ ) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကား ပြောကြားပြီးနောက် စာရေးဆရာ သာအေး အောင် ဘုတလင်၏ “အတွေး၊ အတွေ့၊ အရေး ဘဝဒဿန ရသစာစုများ စာအုပ်”ပါ သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာတို့အား တက်ရောက်လာကြသော မုံရွာ မြို့နယ် စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်း ( Book Club )နှင့် စာပေဝါသနာရှင်များ အသီးသီးက ဆွေးနွေးခဲ့ကြပြီး မုံရွာမြို့နယ် စာအုပ် စာစောင်များ ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သာအေးအောင် (ဘုတလင်) ရေးသားသည့် “အတွေး၊အတွေ့ နှင့် အရေး" ဘဝဒဿန ရသ စာစုများ စာအုပ်တွင် ဆောင်းပါး ပုဒ်ရေ ၂၀ ပါဝင်ပြီး စာရေးသူ၏ အမှာစာ၊ ဆရာမြင်းမူ မောင်နိုင်မိုး၏ အမှာစာ၊ ဆရာမောင်ဆွေသက်၏ အမှာစာတို့ ပါရှိပြီး နိုင်ငံဂုဏ်ရည် စာပေတိုက်၏ စာစဉ် ၂၆၁ အုပ်မြောက် စာအုပ်ဖြစ်ပြီး စာမျက်နှာ ၁၆၀ ပါရှိကြောင်း သိရသည် ။
စာဖတ်ဝိုင်း အခမ်းအနား ပြီးနောက်တွင် တက်ရောက်လာကြသူများက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးစဥ် မှတ်တမ်းဓာတ်ပုံများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများ၊ လူငယ်စကားဝိုင်းကျင်းပမှုမှ တ်တမ်းဓာတ်ပုံများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)