မုဒုံမြို့နယ်ရှိ ကျေးရွာငါးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

မုဒုံ မေ ၂၇

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း ကို ယမန်နေ့က ကျေးရွာငါးရွာတွင် ကွင်းဆင်းထုတ်ချေးပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက ကျေးလက်နေပြည်သူများ၏ မိသားစု ဝင်ငွေ တိုးပွားရေး လုပ်ငန်းများနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်း အကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်၊ လိုက်နာရမည့် စည်းကမ်း ချက်များကို အသင်းသားများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မုဒုံမြို့နယ်အတွင်းရှိ ကော့ခပုံ(ရွာဟောင်း)၊ ဖယ်ကူး၊ ကျိုက်ကာ၊ ဖယ်ဒို၊ အခွန် ကျေးရွာတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်သူဦးရေ အသင်းသား/သူ စုစုပေါင်း ၃၇၈ ဦးအား  ချေးငွေ ပမာဏ ၂၂၃၄၀၀၀၀၀ ကျပ်ကို စနစ်တကျ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)