ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်​ ကျောင်းအပ်နှံ​ရေး အခမ်းအနား ကျင်းပ

ကြည့်မြင်တိုင်   မေ    ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်းပညာသင်ကြားနိုင်​ရေး ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင် ပညာ​ရေးမှူးဆရာမကြီး ဒေါ်သင်းသင်းမြတ်က အမှာစကား ​ပြောကြားခြင်း၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ကျော်ရင်တို့က အသီးသီး အမှာစကားများ ​ပြောကြားခဲ့ပြီး မြို့နယ်ပညာ​ရေးမှူးဆရာမကြီး ​ဒေါ်သန်းသန်း​မော်က ကျောင်းအပ်နှံ​ရေး သီတင်းပတ်အ​ကြောင်းနှင့် စနစ်သစ်ပညာ​ရေးနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။  

ထို့နောက် အလုံခရိုင် ပညာ​ရေးမှူးဆရာမကြီး ဒေါ်သင်းသင်းမြတ်မှ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ကျောင်းဝတ်စုံ၊ ဗလာ စာအုပ်များနှင့် ခဲတံ၊‌ ဘောလ်ပင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)