စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး

စလင်း မေ ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေး လျက်ရှိရာ  မေလ၂၅ ရက် နံနက်ပိုင်းက မြောက်ရှားတောကျေးရွာအုပ်စုမှ တောင်သူများနှင့် ပေါင်းပင်ဇင်းရပ်ကွက်မှ တောင်သူဦးကြီးများအား မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးရန်အတွက် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူကြသည့် တောင်သူများအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ယဥ်မာနွဲ့က ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေပြေကျေသည့် ကျေးရွာအုပ်စုများမှ တောင်သူများကို စတင်ထုတ်ပေး လျက်ရှိကြောင်း၊ မြောက်ရှားတော ကျေးရွာအုပ်စုမှ တောင်သူများနှင့်ပေါင်းပင် ဇင်းရပ်ကွက်မှ တောင်သူအနေဖြင့် ချေးငွေများကို မိုးသီးနှံ စိုက်ပျိုးစရိတ် အတွက် အကျိုးရှိစွာသုံးစွဲရန်နှင့် သီးနှံများအောင်မြင် ဖြစ်ထွန်းရန်အတွက် အလေးထားစိုက်ပျိုးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေး သွင်းအားစု ပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်း လျာထားအုပ်စုများထဲမှ ပေါင်းပင်ဇင်းရပ်ကွက်မှ တောင်သူ(၁၄)ဦး စိုက်ပျိုး ဧက (၆၄) ဧက မိုးသီးနံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၉၆) သိန်း၊ မြောက်ရှားတော ကျေးရွာအုပ်စုမှ တောင်သူ(၂၂)ဦး စိုက်ပျိုးဧက(၅၂)ဧက သီးနှံစိုက်ပျိုးစရိတ် (၇၈)သိန်း၊ စုစုပေါင်း ကျေးရွာအုပ်စု (၂)စုမှ တောင်သူ (၃၆)ဦး၊ စိုက်ပျိုးဧက(၁၁၆)ဧက၊ စိုက်ပျိုးစရိတ် ချေးငွေပေါင်းကျပ် (၁၇၄.၀၀) သိန်းတို့အား ထုတ်ချေးပေးခဲ့ပြီး စပါးသီးနှံ စိုက်ပျိုး တစ်ဧကလျှင် တစ်သိန်း ငါးသောင်းကျပ်နှုန်း၊ အခြားသီးနှံ စိုက်တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်းနှင့် ထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကို လည်း စက်တင်ဘာလကုန်ရက်အတွင်း အပြီးထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)