မုဒုံ မေ ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ကော့ခပုံကျေးရွာရှိ သုဿာန်ဝင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများက ကျွန်း (၆၀) ၊ ပျဥ်းကတိုး (၁၂၀)၊ မဟော်ဂနီ (၁၂၀)၊ မန်ဂျန်ရှား(၁၅၀)၊ အော်ရီးရှား (၅၀) စုစုပေါင်းပျိုးပင် အပင် ၅၀၀ ကို တပျော်တပါးစိုက်ပျိုးခဲ့ကြသည်။
မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မျှတသောရာသီဥတုရရှိစေရေး၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင် နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ်တွင် ပျိုးပင်ပေါင်း(၃၅၀၀၀)ကို စိုက်ပျိုးထားရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊လူမှုအဖွဲ့အစည်းများတွင် စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)