သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါး(၁)ဧက (၁ဝ)တင်းတိုး ပိုမိုထွက်ရှိရေး နည်းပညာပေး သင်တန်းဖွင့်လှစ်

သာပေါင်း မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စပါး ()ဧက (၁ဝ)တင်းတိုး ပိုမိုထွက်ရှိရေး နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။

စပါး()ဧက (၁ဝ)တင်းတိုး ပိုမိုထွက်ရှိရေး နည်းပညာပေးသင်တန်းဖွင့်ပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နည်းပညာပေးအဖွဲ့ခေါင်းဆောင် (မျိုးစေ့တာဝန်ခံ) ဒေါ်ခင်ဌေးမြင့်မှ နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့‌‌နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမျိုးမြင့်လွင်မှ မြေ၊ မျိုး၊ သွင်းအားစု၊ တစ်သီးမှ နှစ်သီး၊ သုံးသီးစိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်စု (၆၇)မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ(၇၅)ဦးတို့အား သင်တန်းနည်းပြ ဆရာ၊ ဆရာမ ()ဦးတို့မှ ကဏ္ဍအလိုက် နည်းပညာများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ သင်ကြားပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)