ကန့်ဘလူ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းအစီရင်ခံစာများ ရေးသားရာတွင်လည်းကောင်း၊ တင်ပြချက်များ ပြုလုပ်ဆောင်ရွက်ရာတွင် လည်းကောင်း ပိုမိုလွယ်ကူ အဆင်ပြေစေရေး ရည်ရွယ်ကာ Power Point အသုံးပြုနည်းသင်တန်းကို မေ ၂၇/၂၈ ရက် နှစ်ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၆ ဦးတက်ရောက်ပြီး သင်တန်းကာလ နှစ်ရက် တာတွင် သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က အစီရင်ခံစာပြုလုပ်နည်း၊ Photo Shop၊ နောက်ခံဘက် ဂရောင်းပြောင်းနည်း၊ ဇယားဆွဲနည်းနှင့် ဒီဇိုင်း ရွေးနည်း (ပြောင်းနည်း)၊ လက်ကမ်း စာစောင်ရေးသားနည်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)