သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

သာပေါင်း မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ ယနေ့နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိ တောင်သူများမှ တစ်အုပ်စုလျှင် တောင်သူ(၅)ဦးစီ ခေါ်ယူတွေ့ဆုံကြရာ ကျေးရွာအုပ်စု(၅)၊ငွေကြေးပြေလည်ပြီးကြွေးဆပ်ရန်ကျန် တောင် သူ(၈)ဦး တို့ တတ်ရောက်ကြပြီး၂၀၂၀ ခုနှစ် မိုး၊ ဆောင်း၊ ကိုဗစ် စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအရစ်၊မေလတွင် ဒုတိယအရစ် ပေးဆပ်မည်ဖြစ်ကြောင်း အပြေအကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု(၅)အုပ်စု၊တောင်သူ(၈)ဦးမှ တောင်သူများဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများထဲမှ(၁၇)ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေ(၁၅၂)သိန်းအား အပြေအကြေပေးဆပ်ခဲ့ ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်းပြန်/ဆက်)