ဖြူး မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဖြူးလမ်းဟောင်းနှင့် အမြန်လမ်းမကြီးအား ဆက်သွယ် သွားလာနိုင်သည့် (ဖြူး-တမံလမ်း)အား လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းအား ပြုပြင်ထိန်းသိမ်းရာတွင်မိုးရေစိမ့်ဝင်နိုင်မှု မရှိရေးလမ်းအနိမ့်အမြင့်ဖြေ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းကို ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေ (၇၉.၆သန်း)ဖြင့် ၂/၀ မှ ၃/၃မိုင်အတွင်း (၂)ဖာလုံစီ (၄)ပိုင်းခွဲ၍ (၁)မိုင်စာအတွက်မေလ(၂၆) ရက်နေ့မှစတင်ဆောင်ရွက်နေကြောင်းနှင့် မိုးရာသီအမီ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင် မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)