ကုန်းကြမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Talk Show ပြုလုပ်

ကုန်းကြမ်း မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲပိုင်းအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေး Talk Show  ကိုကုန်းကြမ်းမြို့နယ်ရုံးနှင့် မော်ထိုက်မြို့ရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ကုန်းကြမ်းမြို့နယ် ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တန်ဖိုးရှိလှသောလူငယ်လေးများ၏ဘဝ ပျက်ဆီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်၊ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ် သိမ်းသွင်းမခံရစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ အသိပညာပေး Talk Show တွင် ဒေါ်ဥမ္မာကျော်က ကျောင်သားလူငယ်အရွယ်များပင် ကော်ရှုခြင်းအလေ့အထများ ဖြစ်ပေါ်နေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူဖြစ်ရှုံးရသောဘဝများဆီသို့ မရောက်ရှိရန်၊ ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးကို မည်သူမှသုံးစွဲခြင်းမရှိအောင် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မော်ထိုက်မြို့ရုံး ဦးစီးမှူး ဒေါ်အိဇာချိုက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုး(၇)ချက်၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုး(၆)ချက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီကာကွယ်ရေးဗဟိုအဖွဲ့က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ (၅)ချက်နှင့် မဟာဗျူဟာ ၂ ရပ်နှင့် နည်းဗျူဟာ၃ ရပ်တို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

ဥမ္မာကျော် ဦးစီးအရာရှိ(ကုန်းကြမ်း၊ ပြန်/ဆက်)