ဟိုင်းကြီးကျွန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးတင်ညိုမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီးနောက် (EM)   ဘိုကာရှီ မြေသြဇာ ပြုလုပ်မှုအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှုး ဦးတင်ညိုတို့မှ ဒေသခံတောင်သူများ ကိုယ်စား  တောင်သူ (၂၀)ဦးထံသို့( ပိုက်ဆံလျော် ) မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများ၏ မေးမြန်းချက်များအား ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ညိုနှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)