ကြံခင်းမြို့တွင် "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ" အခမ်းအနားကျင်းပ

ကြံခင်း မေ ၂၉

သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည် ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတု မျှတစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံခင်း ကြိုးဝိုင်းအကွက်အမှတ်(၅၁)တွင် ယနေ့ နံနက်(၉)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ "မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ" အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပြည်သူများအင်အား(၁၅၀)ခန့် တက်ရောက်ကြပြီး တက်ရောက်လာသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိတို့က ပျိုးပင်များပေး အပ်ကြပြီး  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပကြသည်။

၂၀၂၃ခုနှစ်၊ "မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"တွင် ကျွန်း(၆၁၅)၊ ပျဉ်ကတိုး(၂၀၀)၊  ယူကလစ်(၅၅၀)၊  မန်ဂျန်ရှား(၂၀၀)၊  ခရေ(၅၀) ပိတောက်(၂၀၀)၊ စုစုပေါင်းပျိုးပင်(၁၈၁၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)