ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲစိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမိုးမြေပဲစိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တာမွေမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေးများအား “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆိုသည့် ဆောင်ပုဒ်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (မြို့နယ် အဆင့်) ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၌၂၀၂၃ ခုနှစ်၊မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေ ဒုတိယအကြိမ် သဲဖြူကျေးရွာအုပ်စု၊ စိုက်ပျိုးဧက(၄၄၄)၊ တောင်သူ(၉၅)ဦး၊ ချေးငွေ(၆၆၆၀၀၀၀၀)ကျပ် ဆက်လက် ထုတ်ချေးပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေး လျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ မေလ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီး စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရန်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပူးပေါင်းတင်ဆက်မှုဖြင့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျောင်းဖွင့်ချိန် သွေးလွန်တုတ်​ကွေး​ရောဂါကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားချိန်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်ရှိ အမှတ်(၄)အ​ခြေခံပညာအထက်တန်း​ကျောင်း၌ သွေးလွန်တုတ်​ကွေး​ရောဂါ ကာကွယ်​ရေး ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့ရှိ ဆက်သွယ်ရေးနှင့် ကြေးနန်းဝင်းအတွင်းမှ ပြိုလဲနေသောသစ်ပင်ကြီးများအား ရှင်းလင်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး မြို့နယ်ဆက်သွယ်ရေးနှင့် ကြေးနန်းရုံးဝင်းမှ သစ်ပင်ကြီးများ ပြိုလဲသွားခဲ့သည်။

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာFirst booster၊Second booster ၊Third booster (၁၃၃၀)ဦး တို့ကို Sinopharm ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ မေလ ၂၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား First booster(၃)ဦး Second booster(၁၅)ဦး၊ Third booster(၅၂)ဦးတို့ကို Sinopharm ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ (၃၈)ကြိမ်မြောက်ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါ်တော်မူ(နေရာဦး)မြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု(၂၀)စုများအား ထောက်ပံ့‌ငွေနှင့်ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု (၂၀)စု အတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့ညနေ (၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးခဲ့သည်။
Subscribe to