မြစ်သားမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု(၂၀)စုများအား ထောက်ပံ့‌ငွေနှင့်ပစ္စည်းများပေးအပ်

မြစ်သား မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု (၂၀)စုအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့ညနေ (၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူနှင့် တာဝန်ရှိသူများက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးသွားသော တမာပင်ကျေးရွာအုပ်စု၊ ပခမ်းကျေးရွာအုပ်စု၊ သပြေတောင်းကျေးရွာအုပ်စု (၃)အုပ်စုမှ အိမ်ထောင်စု(၂၀)စုများအား ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဖိုး စုစုပေါင်း(၁,၆၇၂,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ ( ၅၂၄,၅၇၃ )ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)