ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်(၅၀)ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံပေး
ပြည်ထောင်စုနယ်၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။