ရေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

မိုးညိုမြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်‌ချေးပေး

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အ‌ေသးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများလုပ်ကိုင်‌နေသူများအား မတည်​ထောက်ပံ့ငွေများ ထုတ်ချေးပေးလျက်ရှိရာ

အောင်လံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် သစ်တောဦးစီဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အောင်လံမြို့နယ် အင်းကုန်းကျေးရွာအနီး သီတဂူဇောတိကဝိပဿနာ တက္ကသိုလ်ဝန်းတွင် ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပခဲ့သည်။

ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်ခေတ်မီစံပြကျေးရွာ (SMART Village)စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်ခေတ်မီစံပြကျေးရွာ (SMART Village)စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည်။

ပေါက်တောမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း လူနေအိမ်များ၊ ကျောင်းများ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား လပွတ္တာ​မြို့၌ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်တွင် အ.ထ.က(၂) ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ လိုက်လံခတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် အိမ်မဲကြီးပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ (၃၂) ကြိမ် ကျင်းပပြီး ပျိုးပင်ပေါင်း (၅၄၃၀၀၀) စိုက်ပျိုးဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် ကြိုးဝိုင်းတော(၁၆၁)ခု၊ ၅၉၈၆၈၆၂ ဧက၊ ကြိုးပြင် ကာကွယ်တော(၁၁၁)ခု၊ ၁၇၅၂၁၁၉ဧက၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခု၊ ၃၀၁၇၀၂၃ ဧကတို့ကို ဖွဲ့စည်းထားရှိပြီး သဘာဝတောများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဟိုပင်မြို့၌ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက် ကွင်းအမှတ် (၁၉၉) မလောက် ချောင်းဘေးရှိ တောင်သူဦးသန်းအောင်၏ လယ်ယာမြေ၌ တိုင်ထောင် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
Subscribe to