ပေါက်ခေါင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမိုးမြေပဲစိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
"ကျွန်တော်တို့ ဆီထွက်သီးနှံမိုးမြေပဲစိုက်ပျိုးဖို့ ထွန်ယက်ခြင်း၊ မြေပြုပြင်ခြင်းတွေကို ကြိုတင်ဆောင်ရွက်နေတာပါ၊မိုးရွာရင်အဆင်သင့်စိုက်ပျိုးနိုင်ဖို့အတွက် ယာမြေတွေကို ထွန်စက်၊ နွားတို့နဲ့ ငှားရမ်းပြီးထွန်ယက်တာတွေရှိသလို မိမိကိုယ်ပိုင်နွားများနှင့်လည်း လုပ်ငန်းဆောင်ရွက်နေတာတွေရှိပါတယ်၊ အရင်မုန်တိုင်းမိုးရွာချိန်က မိုးနှမ်း ၁၀ ဧက စိုက်ပျိုးပြီးပါပြီ၊ ကျွန်တော်တို့ ရွာတွေက နွေစပါးသီးနှံစိုက်ပျိုးနိုင်ခြင်းမရှိလို့ အခြားဆီထွက်သီးနှံတွေနဲ့မိုးစပါးကိုသာ အဓိကထားစိုက်ပျိုးပါတယ် " ဟု ကွမ်းအုံစုကျေးရွာ တောင်သူဦးအောင်ကြီးကပြောသည်။
ပေါက်ခေါင်းမြို့နယ်တွင် တောင်သူများအနေဖြင့် စပါးသီးနှံကို အဓိကထားစိုက်ပျိုးကြပြီး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊နေကြာတို့နှင့် ပဲမျိုးစုံ၊ ဝါနှင့်အခြား ဟင်းသီးဟင်းရွက် သီးနှံစုံတို့ကိုလည်း ရာသီအလိုက်စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)