အောင်လံမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် သစ်တောဦးစီဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အောင်လံမြို့နယ် အင်းကုန်းကျေးရွာအနီး သီတဂူဇောတိကဝိပဿနာ တက္ကသိုလ်ဝန်းတွင် ကျင်းပခဲ့သည်။