မြောင်းမြမြို့ ဝဲကလေးကျေးရွာ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ မြောင်းမြ ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဝဲကလေး ကျေးရွာ၌ ကျင်းပခဲ့သည်။

အောင်လံမြို့၌ စားသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ စာသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထပ်တိုးကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ထပ်တိုးရွေးချယ် အတည်ပြုထားသော ရေနီကျေးရွာအုပ်စု၊ ကံကလေးကျေးရွာ၊ ရွာဦးဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီ အချိန် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမောင်းနှင်မှု မရှိစေရေးကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ လိုင်စင်မဲ့ယာဉ်များ စီးနင်း မောင်းနှင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာ နေရာများနှင့် ယာဉ်သွားလာမှု များပြားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေသာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ချောင်းသာနယ် မြေမီးသတ်စခန်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရွှေသောင်ယံ မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် (ချောင်းသာမြို့)ရှိ ရွှေသာယာမြို့မဈေးကြီးတွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကြက်ခြေနီအသင်း Emergency Medical Responder – Ambulance Training ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အစီအစဉ်ဖြစ်သည့် Emergency Medical Responder – Ambulance Training ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ငါးသိုင်းချောင်းမြို့ရှိ အ.လ.က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၅/၂၀၂၂) ဖွင့်လှစ်ဆောင်ရွက်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အ.လ.က(ခွဲ)ဗိုလ်ချုပ်လမ်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၅/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုးရာ လက်ရက်ကန်း သင်တန်း အမှတ်စဉ် (၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်( ၅ )နှင့် မွန်ရိုးရာလက်ရက်ကန်း  သင်တန်းအမှတ်စဉ်(၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မုဒုံ​မြို့နယ် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်ခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူများ၏ ဖတ်မှတ်ဆွေးနွေးမှု စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက စာကြည့်တိုက်အသုံး ပြုသူ စာဖတ်ပရိတ်သတ်များနှင့် ဖတ်ဆွေးနွေးမှုစာဖတ်ဝိုင်းကို  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to