မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့ရှိ ဆက်သွယ်ရေးနှင့် ကြေးနန်းဝင်းအတွင်းမှ ပြိုလဲနေသောသစ်ပင်ကြီးများအား ရှင်းလင်း

ရသေ့တောင်  မေ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး မြို့နယ်ဆက်သွယ်ရေးနှင့် ကြေးနန်းရုံးဝင်းမှ သစ်ပင်ကြီးများ ပြိုလဲသွားခဲ့သည်။

အဆိုပါပြိုလဲသွားသော သစ်ပင်ကြီးများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက Chain Saw များနှင့် ပိုင်းဖြတ်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ရသေ့တောင်မြို့နယ်သည် မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့်အတွက် ထိခိုက်ပျက်စီးခဲ့မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နေ့စဥ်လိုက်လံသိမ်းဆည်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင် (ပြန်/ဆက်)