ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာ၌ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

ပျဉ်းမနား မေ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ငွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဇာဝေက အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်၊ ယနေ့ခေတ် လူငယ်လူရွယ်များ အသိပညာများအပြင် အတတ်ပညာကိုပါ လက်တွေ့ကျကျအသုံး ချတတ်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက် ခိုင်မာလာစေရန်နှင့် ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်းတန်းသားများအား သင်တန်းဆင်လက်များ အသီသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ကျွန်းဦးအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း   ၂၅   ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာများက မေလ ၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)