တီးတိန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားပြုလုပ်

တီးတိန် မေ ၃၁

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အထက-၁တီတီးတိန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ် နှံရေး အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အထက-၁ တီးတိန်စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။

ဦးစွာကျောင်းသူ၊ ကျောင်းသားများက မြန်မာ့ကျောင်းသီချင်းကို သီဆိုကြပြီး တီးတိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးက ကျောင်းအပ်နှံရေး အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသားများအား ပုံနှိပ် စာအုပ်၊ ခဲတံ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းသူ၊ ကျောင်းသားများက ပြည်ထောင်စုအက၊ ရိုးရာတေးသရုပ်ဖော်အကနှင့် ဇာတိမာန်သီချင်းတို့ဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)