မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်ရိုက်ကူးထုတ်လွှင့်

မင်္ဂလာတောင်ညွန့် မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မေ‌လ ၃၁ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့‌ဆေးလိပ်မ‌သောက်‌ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဆေးလိပ်ကိုရှုရှိုက်လိုက်သည့်အခါအလွန်ပြင်း ထန်သောဓါတ်(၂)မျိုးအကြောင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားတတ်သောရောဂါများအကြောင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် ဘဝပျက်သုန်းရသည်အထိ အန္တရာယ်မျိုးစုံကိုခံစားရသောကြောင့် လုံးဝရှောင်ကြဉ်သင့်ကြောင်းနှင့် မူးယစ်ဆေးအစ၊ ဆေးလိပ်ကဆိုသော ဆောင်ပုဒ်ကိုသတိမူသင့်ကြောင်းကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက ဒေါ်ချစ်သဲ ဒုတိယဦးစီးမှုးနှင့် ဒေါ်ထူးထက်ကောင်းစံ စာကြည့်တိုက်လက်ထောက်-၃တို့က ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဥ်များအပြင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေမည့် အစီအစဥ်များကို မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့စာကြည့်တိုက် facebook page ကတစ်ဆင့်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ ဆက်)