ပန်းတောင်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ငါးမျက်နှာကျေးရွာအုပ်စု ရေဝင်ရွာလေး၌ မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများကပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။ အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင်တမာပင်(၁၅၀၀)ပင်အားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)