ကြို့ပင်ကောက်မြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကြို့ပင်ကောက် မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ကုန်းရွာကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး ဒေသတွင်းရာသီဥတုပြောင်းလဲမှုအား ထိန်းညှိပြီး အပူချိန်လျော့ချနိုင်ရေး သစ်တောပြုန်းတီမှုမဖြစ်ပေါ်စေရေးနှင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုး တိုးတက်လာစေရေးတို့အတွက် ပျိုးပင်အမြင့် ၂ ပေနှင့်အထက် ပျိုးပင်များဖြစ်သော ကျွန်း(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်နှင့် မြန်မာကုက္ကိုလ်(၅၀)ပင် စုစုပေါင်းပျိုးပင်(၁၅၀)အား စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်သစ်တောဦးစီးအရာရှိနှင့် ဝန်ထမ်းများ တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ကုန်းရာမူလတန်းကျောင်းမှ ဆရာဆရာမများတက်ရောက်၍ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)