တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ

တာချီလိတ် မေ ၃၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက် မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)၌ ကျင်းပသည်။

ပြိုင်ပွဲကို “ပလက်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့ရာ ပန်းချီပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ပြိုင်ပွဲဝင် ၇ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ပြိုင်ပွဲဝင် ၅ ဦး၊ စာစီစာကုံး ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ၅ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းထံမှ သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)