ရွှေတောင် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေစည်းရုံးရေးမှူး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နယ်မြေဒေသဖွံ့ဖြိုးရေးနှင့်နယ်မြေစည်းရုံးရေးမှူး ဗိုလ်မှူးကြီးကျော်ကျော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်မှ မြို့နယ်အတွင်းဆောင်ရွက်ထားလျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် နယ်မြေစည်းရုံးရေးမှူး ဗိုလ်မှူးကြီးကျော်ကျော်လင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအား တစ်ဦးချင်းမိတ်ဆက်၍ ဌာနဆိုင်ရာအလိုက် လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ကြရာ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့်နယ်မြေစည်းရုံးရေးမှူး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)