ဓနုဖြူ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ အ.ထ.က(၁၂)ကျောင်း၊ အ.ထ.က(ခွဲ) (၁၁)ကျောင်း၊ အ.လ.က(၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁)ကျောင်း၊ အ.မ.က(၁၅၉)ကျောင်း၊ အ.မ.က(ခွဲ) (၂)ကျောင်း၊ မူလွန်(၈)ကျောင်း၊ ဘက(၃)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း(၂၁၁)တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူ(၂၉,၇၉၂)ဦး၊ စုစုပေါင်းရာခိုင်နှုန်း (၉၄.၀၂%) တက်ရောက် သင်ကြားလျက်ရှိကြောင်းနှင့် ဖွင့်လှစ်သင်ကြားလျက် ရှိသောကျောင်းများတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များမှ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)