လဲချား ဇွန် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်ရှိသော အခြေခံပညာကျောင်းများအားလုံး (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။
အဆိုပါ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်အတွက် ကျောင်းများစတင်ဖွင့်လှစ်သည့် ယနေ့မှစ၍ ကျောင်းသား/သူများမှ မိမိတို့အပ်နှံထားသည့် အခြေခံပညာကျောင်းတွင် ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိသည်။ လဲချားမြို့နယ်တွင် အခြေခံပညာကျောင်း (၇၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၁)ကျောင်း စုစုပေါင်း(၇၈) ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)