ဒဂုံမြောက် ဇွန် ၁
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌လည်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့ ဇွန် လ ၁ ရက်နေ့ ယနေ့နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းစတင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဒေါ်နန်းစန္ဒာအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိတာဝန်ခံကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ကျောင်း အကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်း(၃၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၈)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း ကျောင်း(၅၀) စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ