ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ(၁၃၂၁၀)ဦး ပညာသင်ကြား

ထန်းတပင်(ပဲခူး) ဇွန်  ၁

ပဲခူးတိုင်းဒေသကြီး‌၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ​ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နိုင်ရန်အတွက် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသား မိဘများက ကူညီဆောင်ရွက် ပေးလျက်ရှိကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်(၉၁၄၈)ဦး၊အလယ်တန်းအဆင့်(၃၀၃၆)ဦး၊ အထက်တန်းအဆင့်(၁၀၂၆)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၃၂၁၀)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)