ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/ဝန်ထမ်းသမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

ဆီဆိုင် ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/ဝန်ထမ်းသမီး များအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်စည်းရုံးရေးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ မူကြိုအဆင့်(၅)ဦး၊ မူလတန်းအဆင့်(၁၁)ဦး၊ အလယ်တန်းအဆင့်(၅)ဦး၊ အထက်တန်းအဆင့်(၆)ဦး၊ တက္ကသိုလ်အဆင့်(၄)ဦး၊ စုစုပေါင်း(၃၁)ဦးတို့အား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)